လာလည်သောမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Sunday, 10 August 2014

မြန်မာပြည်ဖုန်းနံပါတ်သုံးပြီး Facebook Account ဖွင့်နည်း

Facebook Account အသစ်ဖွင့်နည်းလေးကိုမသိသေးတဲ့သူမျာအတွက်ပြန်မျှဝေပေးလိုက်ပါတယ်
ဖုန်းနံပါတ်တောင်းရင်လဲမြန်မာပြည်ဖုန်းနံပါတ်သုံးပြီး Verify လုပ်လို့ရပါပြီး။

ဒီ Add-ons လေး ကို Firefox Browser ထဲကိုInstall လုပ်လိုက်ပါ။
Add-on Link -http://adf.ly/r0Y7d

Add-ons ကို install လုပ်ပြီးရင် Firefox ကို Restart လုပ်လိုက်ပါ။

ပြီးရင် Firefox add-ons Manager ထဲက Anonymox add-ons ကိုတွေ့ပါမယ်

Enable လုပ်လိုက်ပါ
ပီးရင် ip address ကိုhttp://adf.ly/r0Y4p မှာသွားစစ်လိုက်ပါ။
Country မှာ USA လို့ပြရင်ရပါပြီ။

Firefox မှာ Error တက် နေ ရင်
Firefox > Options > Options > Advanced Tab > Network > Connection Setting > Use System Proxy Setting ကို အမှန်ခြစ်ပါ။
https://www.facebook.com/မှာAccount အသစ်အလွယ်တကူဖွင့်လို့ရပါပြီ။
မှတ်ချက်

Lock ကျ နေတဲ့ Account များလဲဒီနည်းနဲ့ ဖြည်လို့ရပါတယ်။

Country ကို Myanmar ရွေးပေးပါ။
Ph no- 959xxxxxxx(eg- 9595196032 ကိုယ်ဖုန်းနံပါတ်ထည့်ပါ။)
SMS ပို့တာမရွေးပဲ ဖုန်းခေါ်တာကိုရွေးပါ။FaceBook ကဖုန်းခေါ်ပြီး Code no ပြောပါလိမ့်မယ်။

မသိသေးသူများကို မျှဝေပေးပါ။

ဆက်ဖတ်ရန်>>>

CD / DVD - BUN နည်း

ကျွန်တော်အခုလေးတင်ကလိပြီးတွေ့ရှိထားတဲ့နည်းပညာအဟောင်းလေးပါ။ လုပ်နည်းကတော့ ဘာ software မှမလိုပါဘူး။(Nero ဆော့ဝ်လ်တောင်မလိုပါဘူး) Windows 7 စက်တိုင်းမှာ လုပ်နည်းကိုရှာတွေ့ထားပါတယ်။ လုပ်နည်းကတော့အရှင်းလေးပါပဲ။ ခင်ဗျားတို့ဆီမှာ အခွေအလွတ်(ဘာဖိုင်မှမထည့်ရသေးတဲ့အခွေ) တစ်ချပ်ပဲလိုအပ်တာပါ။ Compact Disc RW Drive ဆိုတာက အခွေထည့်လို့ရသလို၊ ထုတ်လို့ရတဲ့စက်လိုပါတယ်။ တစ်ချို့စက်တွေကဖြုတ်ထားတဲ့အတွက် ခင်ဗျားတို့ အခွေ burn လို့မရတာ စိတ်မကောင်းပါဘူးဗျာ။

အခွေထည့်တဲ့နေရာမှာ မိမိတို့ရဲ့ အခွေအလွတ် တစ်ချပ်ကိုထည့်လိုက်ပါ။ ခဏစောင့်ပါ။ ဒီ Autoplay တက်လာပါလိမ့်မယ်။ ပြီးတာနဲ့ Burn files to disc ကို click လိုက်ပါ။
ဒီ box လေးပေါ်လာပါမယ်။ Disc title: က မိမိနှစ်သက်ရာခေါင်းစဉ်လေးပေးပါ။ With a CD/DVD player ကိုရွေးပါ။ တခြား ဘာမှမရွေးပါနဲ့။ ပြီးရင် Next ကို click ပါ။
အဲ့အခွေချပ်လေးနဲ့ စာတစ်ခုတွေ့ပါလိမ့်မယ်၊ ကျွန်တော်အနီရောင်ပြထားတာပါ။ Drag files to this folder to add them to the disc. လို့ပေါ်လာရင်မိမိထည့်လိုရာ ဖိုင်တွေကို အခွေရဲ့ GB ဆန့်သည်အထိထည့်လို့ရပါတယ်။
မိမိကူးလိုသောဖိုင်ရဲ့ folder ကိုဖွင့်ပြီး အခွေရှိရာ folder သို့ထည့်ပါ။ ကြိုက်သလောက်ထည့်ပါ။ အခွေဆန့်တဲ့အထိပဲနော်။

ဖိုင်တွေအကုန်ထည့်ပြီးတော့ Burn to disc ကို click လိုက်ပါ။
Disc title: မှာမိမိနှစ်သက်ရာခေါင်းစဉ်ပေးပါ။ Recording speed: ကတော့ မိမိအဆင်ပြေသလိုပြင်ပါ။ 8x ကတော့ နဂိုဟာပါ။ ကျွန်တော်အကြံကတော့ မပြင်တာအကောင်းဆုံးလို့ထင်ပါတယ်။ Next ကို click ပေးပါ။
 ပြီးရင်စိတ်ရှည်ရှည်နဲ့စောင့်ပေါ့နော်။
                                                                 အဆင်ပြေပါစေ။