လာလည်သောမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, 20 February 2014

15 February 2014 နေ့ထွက် Andriod ဖုန်း ဗီဒီယို ကာရာအိုကေ စာတန်းထိုး နှင့် Video တည်းဖြတ် Photo Slideshow လုပ်ချင်တဲ့ သူငယ်ချင်းတွေအတွက် VideoShow Pro - Video Editor v2.3.3

Andriod ဖုန်းနဲ့ ဗီဒီယို ကာရာအိုကေ စာတန်းထို့ချင်တဲ့ သူငယ်ချင်းတွေ အတွက် VideoShow Pro လေး တင်ပေး လိုက်တာပါ။ VideoShow Pro က စာတန်းထိုး ရုံတင်မက ဖုန်းမှာ ရိုက်ထားတဲ့ ဗီဒီယိုတွေကို ဖြတ်၊ ဆက်၊ Effect ထည့်၊ နောက်ခံ သီချင်း ပြောင်း ၊ စာတန်းထိုး စတာတွေကို လိုသလို စိတ်ကူးကောင်းရင် ကောင်းသလို ဖန်တီးလို့ရပါတယ်။

ထို့အပြင် 15 February 2014 နေ့ထွက် Update ကFeature တွေ ပိုစုံလာပါတယ်။ မိမိ တို့ စိတ်ကြိုက် Photo တွေ ပေါင်းထည့်ပြီး ကြိုက်တဲ့ နောက်ခံသီချင်းတွေနဲ့ Photo Slideshow လည်း ဖန်တီးနိုင်ပါသေး တယ်။ Android ဖုန်းတလုံးထဲမှပဲ အားလုံးဖန်တီးနိုင်မှာဖြစ်ပါတယ်။ VideoShow Pro နဲ့ ကာရာအိုကေ စာတန်း ထိုးတာ လည်းအရမ်းလွယ်တာမို့ အချိန်လည်း သိပ်မရတာကြောင့် စာတန်းထိုး နည်းလေး မတင်တော့ ဘူးနော်။

         >>>Download googledrive;zippyshare

  အားလုံးအဆင်​​ပြေပါ​စေ။

 ဖြိုး​လေး

ဆက်ဖတ်ရန်>>>

Pattern Lock မေ့သွားရင် ပြန်ဖြည်နည်း

Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင် မကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ … အဲ ဒါပေ မယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲ ဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ…

ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင် ထား ဖို့လိုပါတယ် …

အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ … Wi-Fi ချိတ်ထားဖို့ လို ပါ တယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်း တစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ … Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …

ပြီးတော့ ဖုန်းချလိုက်ပါ …
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ …
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …

OK နှိပ်လိုက်ပါ။

စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ပါ ...
သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ … ဝင်သွားပြီ ဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် … ပြီးရင် Continue နှိပ်ပါ …
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် … ပြီးရင် Confirm နှိပ်ပါ … ဒါဆိုရင်ေ တာ့ သင် ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် …

အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …

အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည် တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???

PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …

         အားအားလုံးအဆင်​​ပြေပါ​စေ။