လာလည်သောမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Friday, 23 May 2014

Gmail 2 step အကောင့် ကို ဖုန်း Playstore တွင် ၀င်နည်း

ပုံ တပုံ ချင်းစီ သေချာကြည့်လုပ်ပါ ခင်ဗျား အဆင်မပြေတာ ရှိရင် 
ကျနော် ကို မေးနိုင်ပါတယ်       

 ကျွန်တော်သူငယ်ချင်း DAWEI IT ဆိုက်မှ ပြန်လည်ကူးယူဖော်ပြချင်းဖြစ်သည်

 အဆင်ပြေပါစေ။ 

ဆက်ဖတ်ရန်>>>

facebook profile ကို စိတ်ကြိုက်ပြင်ရန်

မိမိ facebook ကို စိတ်ကြိုက်ပြင်နိုင်ရန်ဒီလိုလုပ်ပါ
(1) setting ကိုဝင်
(2) privacy ကိုဝင်
ပြီးရင် စိတ်ကြိုက်ပြင်ပေတော့
ပုံတွေကြည့်နော်

                                    ကျွန်တော်သူငယ်ချင်းDAWEI IT ဆိုက်မှ ပြန်လည်ကူးယူဖော်ပြချင်းဖြစ်သည်

                                                                    အဆင်ပြေပါစေ။   
မိမိ facebook ကို စိတ်ကြိုက်ပြင်နိုင်ရန်ဒီလိုလုပ်ပါ
(1) setting ကိုဝင်
(2) privacy ကိုဝင်
ပြီးရင် စိတ်ကြိုက်ပြင်ပေတော့
ပုံတွေကြည့်နော်

                                    ကျွန်တော်သူငယ်ချင်းDAWEI IT ဆိုက်မှ ပြန်လည်ကူးယူဖော်ပြချင်းဖြစ်သည်

                                                                    အဆင်ပြေပါစေ။   
ဆက်ဖတ်ရန်>>>

facebook တွင်ဘလော့ထားသောသူကိုunblock ပြန်လုပ်နည်း(မသိသေးသူများအတွက်သာ)

facebook တွင်ဘလော့ထားသောသူကိုunblock ပြန်လုပ်နည်း
(1) setting ကိုဝင်
(2) blocking ကိုဝင်
(3) မိမိ block မလုပ်ချင်တော့တဲ့သူနာမည် နဘေးမှာ unblock လေးကို ပြန်နှိပ် ရုံလေးပါ
ပုံကိုကြည့်နိုင်ပါတယ.်.

                 ကျွန်တော်သူငယ်ချင်း DAWEI IT ဆိုက်မှ ပြန်လည်ကူးယူဖော်ပြချင်းဖြစ်သည်

                                                         အဆင်ပြေပါစေ။        
facebook တွင်ဘလော့ထားသောသူကိုunblock ပြန်လုပ်နည်း
(1) setting ကိုဝင်
(2) blocking ကိုဝင်
(3) မိမိ block မလုပ်ချင်တော့တဲ့သူနာမည် နဘေးမှာ unblock လေးကို ပြန်နှိပ် ရုံလေးပါ
ပုံကိုကြည့်နိုင်ပါတယ.်.

                 ကျွန်တော်သူငယ်ချင်း DAWEI IT ဆိုက်မှ ပြန်လည်ကူးယူဖော်ပြချင်းဖြစ်သည်

                                                         အဆင်ပြေပါစေ။        
ဆက်ဖတ်ရန်>>>

Root ဘာကြောင့်လုပ်ရသလဲ

Root လုပ်တာဆိုတာ ဘာလဲ …? ဘာကြောင့် Android ကို root လုပ်ရတာလဲ…..?

ဒီအကြောင်းအရာတွေက Android ပေါ်မှာ root လုပ်လိုက်လို့ ရတာတဲ့ အစုလိုက်ထဲက အကျိုးအမြတ်တစ်ခုကို ရှာဖွေ ရှင်းပြပေးမှာပါ။
ပြီးတော့ Android Phone တစ်လုံးကို root လုပ်လိုက်လို့ ဘယ်ဟာတွေက အရေးကြီးပိုင်းမှာ
အသုံးဝင်တာတွေ၊ တိုးတက်ပြန့်ပွားလာတဲ့ အခြေခံ user တွေအတွက် root လုပ်လိုက်လို့
အခြေခံသဘာ သဘာဝတွေ၊ တချို့ ရိုးရှင်းတဲ့ applications တွေကိုလဲ အသုံးပြုဖို့ ၊
ပြီးတော့ android phones တွေကို root လုပ်ပြီး appllications တွေကို
အလွန်အမင်း လုပ်တာတွေ အတွက် ကျွန်တော်က ထည့်သွင်း စဉ်းစားဆုံးဖြတ်ပေးထားပါတယ်။
ကဲ..ဆက်လက်ပြီး ခရီးဆက်ရအောင်

Android မှာ root လုပ်တာဆိုတာ ဘာလဲ …… ?
ပထမဆုံးအနေနဲ့ Android မှာ root လုပ်တာဆိုတာဘာလဲ တာကို အလွယ်တကူရှင်းပြထားပါတယ်။
root ဆိုတဲ့စကားလုံးက linux သုံးတဲ့ User တွေကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။
Android OS က linux အသုံးပြုေ၇းသားထားတဲ့ system တစ်ခုပါ။
” Root ” ရဲ့သဘောတရားက သင့်ရဲ့ device ကို “Superuser” ရရှိအောင်လုပ်တာဆိုလဲ မှန်ပါတယ်။
သင့်ရဲ့ Android Software မှာ permissions ရအောင်ပြုလုပ်တာပါ။
root လုပ်ပြီးတာတဲ့ user အတွက် အထူး မြှင့်တင်ထားတဲ့ အခွင့်အရေးနဲ့အတူ ၊ စွမ်းရည်မြင့်တင်ထားတဲ့
custom software (ROM) ၊custom themes , Performance ၊ battery life တွေရဲ့
အရည်အသွေးမြှင့်တင်ထားတဲ့အရသာကိုခံစားရမှာပါ။
အခြေံအားဖြင့် သင့်ရဲ့ Android device ကို ” Hacking ” ပြုလုပ်တာပါ။
root လုပ်ပြီးတာနဲ့ မိမိဖုန်းကို administrator အနေနဲ့ system တခုလုံးကို အပြည့်အဝ
အသုံးပြုနိုင်သလို လိုအပ်သလိုလဲပြုပြုနိုင်ပါတယ်။
ဥပမာအနေနဲ့ နိုင်းယှဉ်ပြရရင် apple iPhone ရဲ့ iOS ကို jailbreak လုပ်တဲ့ အလားအလာ ပုံစံနဲ့အတူတူပါပဲ။
Root လုပ်လိုက်တဲ့အတွက် သင့် ၀ယ်သုံးတဲ့ Android device ရဲ့ manufacturers or mobile operators
တွေက တစ်စုံတစ်ခုအတွက် အားပေးအားမြှောက်ပြီး သဘောတူညီမူမပေးပါဘူး။
ပြီးတော့ Root လုပ်ပြီးအသုံးပြုတဲ့အတွက် သူတို့က သင့်ကို တားဆီးပိတ်ပင်တာတာတွေ မလုပ်နိုင်ပါဘူး။
ဒါကြောင့် သင့်ရဲ့ Android Phone ရဲ့ တချို့ service တွေကိုအသုံးချဖို့ သင့် root လုပ်ချင်တဲ့ စိတ်ဆန္ဒရှိရင် သင့်ပြုလုပ်နိုင်ပါတယ်။
အခုလို root user အနေအထားအထားရဖို့ သင့်ရဲ့ ဖုန်းကို root ပြုလုပ်ရတဲ့ အစီအစဉ်ကို
Android rooting လုပ်ပြုလုပ်တာလို့ခေါ်ပါတယ်။
သင့်ရဲ့ဖုန်းကို Root မလုပ်ခင် သတိထားရမဲ့အချက်
သင့်ရဲ့ဖုန်းကို root မလုပ်ခင်မှာ အောက်မှာဖော်ပြထားတဲ့ အချက်လေးတွေဖတ်ထားဖို့လိုပါတယ်
၁. သင့်ရဲ့ဖုန်းက Warranty void ဖြစ်သွားပါမယ်။
၂. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် ဘာကြောင့်သင့်ရဲ့ဖုန်းကို root လုပ်ချင်တာလဲစတဲ့
သင့်ကိုယ်တိုင်ယုံကြည်စိတ်ချမူရှိဖို့လိုပါပါတယ်။
၃. သင့်ရဲ့ဖုန်းကို root လုပ်ဖို့အတွက် သေချာတဲ့ သင့်ဖုန်းနဲ့ ပတ်သက်တဲ့ root လုပ်နည်း
guide ရှိဖို့လိုပါတယ်။
သင့်ဖုန်း မော်ဒယ်အမျိုးအစားကြည့်ဖို့အတွက် အလွယ်တကူကြည့်နည်းက ဖုန်းရဲ့
အပေါ်ယံကာဘာ (သို့မဟုတ်) အများအားဖြင့် ဘတ်ထ္ထရီအောက်မှာ ရှိပါတယ်။
၎. root လုပ်တဲ့အခါ သေချာဂရုစိုက်ပြီး ၊ အဆင့်တွေကို ၂ခါပြန်စစ်ပေးပါ။
၅. root မလုပ် မိမိဖုန်းထဲမှာရှိတဲ့ အရေးကြီးတဲ့ datas တွေကို backup လုပ်ထားပေးပါ။
Android ကို root လုပ်လို့ရလာမဲ့ အကျိုးကျေးဇူးများ

1. Total control over system
root လုပ်ပြီးတဲ့ ဖုန်းတစ်လုံးက သင့်ကို administrator အဆင့်အနေအထားနဲ့သင့်ကိုပေးနိုင်ပါတယ်။
root လုပ်ထားတဲ့ ဖုန်းကို ၀င်ရောက်ပြီးတော့ system file လေ့လာနိုင်သလို၊ system file တွေကို
တဖန်ပြန်လည်ပြီး modify ပြုလုပ်ပေးနိုင်ပါတယ်။
( ဥပမာ : Android phone / tablet ကို root လုပ်ပြီး
system file ကို modify ပြုလုပ်ပြီး မြန်မာဖောင့်ထည့်ပြီးအသုံးပြုနိုင်ပါတယ် )
2. Remove Unwanted apps
ကျွန်တော်တို့ ဖုန်းတွေမှာ Original ပါလာတဲ့ applications ရှိပါတယ်။
တချို့ apps တွေက အရမ်းရေးကြီးတဲ့အပိုင်းတွေမှာပါသလို တချို့က ကျွန်တော်တို့ရဲ့
phone memory ကိုအလဟဿဖြစ်စေပါတယ်။
ဒါကြောင့် သင့် phone ကို root လုပ်ပြီးတဲ့အခါ သင့်မကြိုက်နှစ်သက်တဲ့
applications တွေကို ပြန်ပြီး ဖြုတ်ပစ်နိုင်ပါတယ်။
3. Change Themes
ကျွန်တော်တို့ ဖုန်းက နေ့စဉ်အသုံးပြုကိုင်နေရတာပါ။
နေ့စဉ် ကြည့်နေရပြီး စတိုင် အနေအထားတွေက ရိုးအီနေပါပြီ။
ကျွန်တော်တို့ ပုံစံအသစ် ၊ စတိုင်အသစ်နဲ့ ပြောင်းလဲဖို့က တချို့ဖုန်းတွေက
ပြသာနာ အနည်းငယ်ရှိပါတယ်။ ဒါပေမဲ့ root လုပ်ပြီးတဲ့အခါ သင့်စိတ်ကြိုက် themes နဲ့
သင့်ဖုန်းစတိုင်ပြောင်းလို့ရပါတယ်။
4. Backup Whole System
Android မှာ root လုပ်ပြီးလို့ မိမိ total system ကို backup လုပ်ပြီး SD Card မှာ
သိမ်းထားလို့ပါတယ်။ အလွယ်ပြောရင် သင်ရဲ့ iimage ကို hard disk မှာ သိမ်းတာပါ။
အထူးသဖြင့် new ROM ကိုအစမ်းသုံးကြည့်ဖို့အတွက် system အားလုံးကို သင့် backup လုပ်ထားပြီး
SD Card မှာ သိမ်းထားလို့ရပါတယ်။ new ROM ကိုအစမ်းသုံးကြည့်လိုက်ပါ။ ကြိုက်နှစ်သက်လား … ?
OK.. မကြိုက်နှစ်သက်တော့ဘူးဆိုရင် သင့်ရဲ့ Old System ကိုပြန်ပြီးအသုံးပြုလို့ရပါတယ်။
သင့် SD Card ထဲမှာ backup လုပ်ပြီး သိမ်းထားတဲ့ ” image ” ရှိလို့ပါ။
သင့်ရဲ့ မူရင်း old system ကို ပြန်ပြီး အသုံးပြုလို့ရပါတယ်။
5. Installing Special Applications
Android Phone ကို root လုပ်ပြီးတဲ့အခါ အရမ်းအသုံးဝင်ပြီး သင်ကြိုက်နှစ်သက်တဲ့ applications
တွေကို သင့် install ပြုလုပ်နိုင်ပါတယ်။
( ဥပမာ : fullversion အသုံးပြုလို့ရတဲ့ crack application တွေကိုဆိုလိုတာပါ )
အရမ်း လွယ်ကူပြီး ၊ free ရတဲ့ applications တွေကို သင့်ရှာနိုင်ပါတယ်။
6. Install New ROM , Interference
သင့်ဖုန်းမှာ Original ပါလာတဲ့ ROM ကိုသုံးလို့အားရတဲ့အခါ (သို့)
အခြား New Rom အသစ်သုံးချင်တယ်ဆိုရင်လဲ သင့်ရဲ့ Android device ကို
ချိန်းပြီးသုံးနိုင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အခုဆိုရင် သင့် Android device နဲ့
ပတ်သက်တဲ့ ROM တွေက Online မှာ အလွယ်တကူရှာဖွေနိုင်ပါတယ်။
အခုဆိုရင် Android developers တွေအများအပြားရှိပါတယ်။
ကဲ ..ဒီလောက်ဆိုရင် Android မှာ root လုပ်ရတဲ့အကြောင်းအရင်း
အနည်းအကျဉ်းသဘောပေါက်လောက်ပါပြီ။
အားလုံးအဆင်ပြေကြလိမ့်မယ်လို့ထင်ပါတယ်။

' Root ဘာကြောင့် လုပ်ရသလဲ"
ဒီစာလေးက Root ဆိုတာ ဘာလဲလို့ မသိသေးသောသူတွေအတွက်သာရည်ရွယ်ပြီး Root ကို ဘာကြောင့်လုပ်သင့်သလဲဆိုတာကို
အကြမ်းဖြင်းရှင်းပြပေးတာဖြစ်ပါတယ်။
Android OS ဆိုတာ opensource (free version) ဆိုပေမဲ့ mobile ထုပ်လုပ်သူတွေက Stay Version အနေနဲ့သာထုပ်လုပ်ကြပါတယ်
။ဒါကြောင့်မို့ မိမိတို့ Divice ကို root လုပ်ရခြင်းဆိုတဲ့ အကြောင်းလေးပေါ်လာပါတယ်။အချို့သော program & application တွေကို
ထည့်သွင်းအသုံးပြုချင်တဲ့ အခါမှာ မိမိ Divice က Stay Version ဖြစ်နေတဲ့အတွက် အသုံးပြုခွင့်မပေးပါဘူး။မိမိကို မိမိ Divice ရဲ့
(user) အသုံးပြုသူအနေနဲ့ ပဲ အသိအမှတ်ပြုထားတာပါ။ထိန်းသိမ်းပြုပြင်ခွင့်ရှိသူ (Adminstrator) အဖြစ် ခွင့်မပြုထားပါဘူး။
အဲဒီအခါမှာ မိမိက မိမိ Divice ကိုမိမိစိတ်ကြိုက်ပြုပြင်ဖန်တီးတည်ဆောက်ချင်တယ်ဆိုရင် သာမန် user အဖြစ်က နေ super user
အဖြစ်ကို ရယူရပါတယ်။
မိမိက မိမိDivice ရဲ့ Administrator Permissions ဖြစ်ပီဆိုရင်တော့ မိမိ Divice ကိုမိမိစိတ်ကြိုက် လုပ်ဆောင်ခိုင်းစေနိုင်လောက်အောင်ထိကို
 စွမ်းအားတွေရရှိမှာပါ။မိမိသာ programming ကို တက်သိကျွမ်းကျင်ထားသူဖြစ်ပါက OS တစ်ခုလုံးကို ကောင်းကောင်းလေ့လာခွင့်ရရှိနိုင်သလို
 System တစ်ခုလုံးကိုလဲ မိမိစိတ်ကြိုက်ထိန်းချုပ်နိုင်တဲ့အနေအထားကို ရရှိမှာပါ။
Divice တွေ ထဲမှာ ပါဝင်တဲ့ ROM ကို သာ modified (ပြုပြင်ဆောင်ရွက်) နိုင်တဲ့ အဆင့်မှာ ရှိနေရင် မိမိ Divice ကို ကိုယ်ပိုင်
Setting နှင့် ကိုယ်ပိုင် Themes တွေကို မိမိစိတ်ကြိုက်ပြုပြင်တည်ဆောက်နိုင်မှာပါ။
အန္တရယ်ရှိတာကတော့ System အတွင်းပိုင်းကို နားမလည်ပဲ သွားရောက်ပြင်ဆင်မိသွားရင်တော့ မိမိ Divice လေးကို ဆုံးရုံးသွားရနိုင်ပါတယ်။
သို့မဟုတ် Firmware အသစ် ပြန်တင်ခြင်းတို့ လုပ်ဆောင်ရမှာပါ။ထို့ကြောင့် မိမိက Super User ကောင်းတစ်ယောက်ဖြစ်ချင်ရင်တော့
သာမန်ထက် ပိုမိုထိန်းကျောင်း နိုင်အောင်လေ့လာမှတ်သားထားဖို့တော့ လိုပါတယ်။
Root လုပ်ပြီးလို့ Super User ဆိုတဲ့ ပုံလေး မိမိ Divice မှာ တွေ့နေရပီဆိုရင်တော့ Java Language ကိုတက်ကျွမ်းသူဆိုရင်
Core Level ဆိုတဲ့ OS Management အဆင့်ထိဝင်ရောက်ပြင်ဆင်ရေးသားနိုင်မှာပါ။တကယ်လို့ မိမိက သာမန် user
တစ်ယောက်ဆိုရင်တော့ မိမိကိုယ်တိုင် မြန်မာဖောင့် ထည့်ခြင်း၊မြန်မာလက်ကွက်ထည့်ခြင်း၊Root only Application တွေကို
ထည့်သွင်း အသုံးပြုနိုင်ခြင်း၊System ကို Backup လုပ်နိုင်ခြင်း၊စသောစသော အကျိုးပြုတဲ့ သေးငယ်သော ထိန်းကျောင်း မှု့
တွေတော့ ပြုလုပ်နိုင်မှာ ဖြစ်ပါတယ်။သေချာတာကတော့ မိမိ Divice ကို root လုပ်လိုက်ပီဆိုရင်တော့ မူရင်းထုတ်ကုန်ကို
ဆန်ကျင်ရာေ၇ာက်တာကြောင့် Warranty ပျက်သွားနိုင်တယ်လို့ဆိုပါတယ်။ဒါပေမဲ့ သင့် အနေနဲ့ Warranty ကို ဂရုစိုက်နေမှာလား
 မိမိ Divice ကို မိမိထိန်းကျောင်းနိုင်သော Super User တစ်ယောက်အဖြစ်ခံယူမှာလားဆိုတာကတော့ သင်ကိုယ်တိုင်ရွေးချယ်ရမှာပါ..။

Wednesday, 21 May 2014

    3 Basic Tips to Prevent A DDoS AttackDistributed denial-of-service (DDoS) attacks are always in top headlines worldwide, as they are plaguing websites in banks, and virtually of almost every organization having a prominent online presence. The main cause behind the proliferation of DDoS attacks is that there is a very low-cost that the attacker has to incur to put such attack in motion. Fortunately, today various prevention methods have been developed to tackle such attacks. Before delving further into understanding about the ways to prevent DDoS attack, let’s first understand what exactly a DDoS attack is!
Understanding DDOS Attack

Saturday, 17 May 2014

kali linux download

                             kali linux Downloag

                             kali linux Downloag

ဆက်ဖတ်ရန်>>>