လာလည်သောမိတ်ဆွေအပေါင်းပျော်ရွှင်ချမ်းမြေ့ကြပါစေ

Thursday, 20 February 2014

15 February 2014 နေ့ထွက် Andriod ဖုန်း ဗီဒီယို ကာရာအိုကေ စာတန်းထိုး နှင့် Video တည်းဖြတ် Photo Slideshow လုပ်ချင်တဲ့ သူငယ်ချင်းတွေအတွက် VideoShow Pro - Video Editor v2.3.3

Andriod ဖုန်းနဲ့ ဗီဒီယို ကာရာအိုကေ စာတန်းထို့ချင်တဲ့ သူငယ်ချင်းတွေ အတွက် VideoShow Pro လေး တင်ပေး လိုက်တာပါ။ VideoShow Pro က စာတန်းထိုး ရုံတင်မက ဖုန်းမှာ ရိုက်ထားတဲ့ ဗီဒီယိုတွေကို ဖြတ်၊ ဆက်၊ Effect ထည့်၊ နောက်ခံ သီချင်း ပြောင်း ၊ စာတန်းထိုး စတာတွေကို လိုသလို စိတ်ကူးကောင်းရင် ကောင်းသလို ဖန်တီးလို့ရပါတယ်။

ထို့အပြင် 15 February 2014 နေ့ထွက် Update ကFeature တွေ ပိုစုံလာပါတယ်။ မိမိ တို့ စိတ်ကြိုက် Photo တွေ ပေါင်းထည့်ပြီး ကြိုက်တဲ့ နောက်ခံသီချင်းတွေနဲ့ Photo Slideshow လည်း ဖန်တီးနိုင်ပါသေး တယ်။ Android ဖုန်းတလုံးထဲမှပဲ အားလုံးဖန်တီးနိုင်မှာဖြစ်ပါတယ်။ VideoShow Pro နဲ့ ကာရာအိုကေ စာတန်း ထိုးတာ လည်းအရမ်းလွယ်တာမို့ အချိန်လည်း သိပ်မရတာကြောင့် စာတန်းထိုး နည်းလေး မတင်တော့ ဘူးနော်။

         >>>Download googledrive;zippyshare

  အားလုံးအဆင်​​ပြေပါ​စေ။

 ဖြိုး​လေး

ဆက်ဖတ်ရန်>>>

Pattern Lock မေ့သွားရင် ပြန်ဖြည်နည်း

Android ဖုန်းတွေမှာ လုံခြုံရေးအရ သင့်ရဲ့ဖုန်းထဲက အချက်အလက်တွေကို တခြားလူ အလွယ်တကူ ဝင် မကြည့်နိုင်ဖို့ Lock Pattern နဲ့ပဲဖြစ်ဖြစ် Pin Number နဲ့ပဲဖြစ်ဖြစ် ပိတ်ထားလို့ ရတယ်ပေါ့ဗျာ … အဲ ဒါပေ မယ့် … ကိုယ်ပေးထားခဲ့တဲ့ Lock Pattern ဘယ်လိုဆွဲလဲဆိုတာ ဒါမှမဟုတ် Pin Number ဘာပေးခဲ့လဲ ဆိုတာ ခေါင်းထဲမှာ မမှတ်မိတော့ရင်တော့ ဘယ်လိုလုပ်မလဲ…

ကျွန်တော် ပြောပြမယ့် နည်းလမ်းလေးတွေက အသုံးဝင်မှာပါ … ဖုန်းထဲမှာ google account တော့ ဝင် ထား ဖို့လိုပါတယ် …

အကယ်လို့ ဖုန်းထဲမှာ Google Account ကို ဝင်မထားမိဘူးဆိုရင်တော့ … Wi-Fi ချိတ်ထားဖို့ လို ပါ တယ် … ဘာလို့လဲဆိုတော့ ဖုန်းပြောနေရင်း Internet သုံးဖို့ အဆင်မပြေလို့ပါ။ပြီးတော့ တခြားဖုန်း တစ်လုံးလုံးနဲ့ သင့်ဖုန်းကို ခေါ်လိုက်ပါ … Answer လုပ်လိုက်ပါ … ပြီးတော့ Back Key နှိပ်ပြီး Settings > Location & Security ထဲကနေ disable lock pattern ပြီးတော့ Settings > Accounts & Sync ကနေ Add Account
ပြီးတော့ google account ကိုထည့်လိုက်ပေါ့ဗျာ …

ပြီးတော့ ဖုန်းချလိုက်ပါ …
အောက်က အဆင့်တွေ ဆက်လုပ်လို့ ရပါပြီ …
Unlock Pattern မှာ ငါးကြိမ်ထက် ပိုမှားခဲ့ရင်တော့ ” you have incorrectly drawn your unlock pattern 5 times. Please try again in 30 seconds. ” ဆိုပြီး ပေါ်လာပါမယ် …

OK နှိပ်လိုက်ပါ။

စက္ကန့် ၃၀ ပြည့်တဲ့အခါ ညာဘက်အောက်ထောင့်က Forgot pattern? ဆိုတာလေးကို နှိပ်လိုက်ပါ ...
သင်ဖုန်းထဲမှာ ထည့်ထားတဲ့ username နဲ့ password ဖြည့်ပြီး Sign in လုပ်လိုက်ပါ … ဝင်သွားပြီ ဆိုရင် Pattern အသစ်တစ်ခု ပေးရမှာပါ … ဒီတစ်ခါတော့ မှတ်ထားပေါ့နော် … ပြီးရင် Continue နှိပ်ပါ …
Confirm ဖြစ်ဖို့အတွက် နောက်တစ်ကြိမ်ထပ်လုပ်ရပါမယ် … ပြီးရင် Confirm နှိပ်ပါ … ဒါဆိုရင်ေ တာ့ သင် ဟာ အောင်မြင်စွာနဲ့ ပြန်လည် Unlock Pattern ဖြည်နိုင်သွားပြီပဲ ဖြစ်ပါတယ် …

အကယ်လို့ … ဒီနည်းနဲ့ အဆင်မပြေဘူးဆိုရင်တော့ နောက်တစ်နည်း ရှိပါသေးတယ် …

အဲဒါကတော့ Screen Lock Bypass Android Application ကို အသုံးပြုပြီးတော့ ဖြည် တာပဲဖြစ်ပါတယ်။
ဒါပေမယ့် Lock ဖြစ်နေတဲ့ ဖုန်းထဲကို apk ဖိုင်ကို ဘယ်လို ထည့် Run မလဲ ???

PC ဒါမှမဟုတ် Laptop ကိုသုံးပြီးတော့ Google Account နဲ့ Android Market ထဲကို Log in ဝင်ပြီး USB Cable ကိုသုံးပြီး ဖုန်းထဲ ထည့်ရမှာပါ … ပြီးရင် Restart ကျပါမယ် … မကျရင် ကိုယ့်ဟာကို ချလိုက်ပါ … ပြန်တက်လာတဲ့အခါ Pattern Lock ဖြည်ပြီးသား ဖြစ်နေမှာပါ …

         အားအားလုံးအဆင်​​ပြေပါ​စေ။
       
Tuesday, 18 February 2014

AVG Mobile AntiVirus Security PRO (For Andriod Phone)

AVG Antivirus ကလူတိုင်းလိုလို သိပြီးသားဖြစ်မှာပါ။ အခု Andriod ဖုန်းအတွက် တင်ပေးလိုက်ပါတယ်။ ဖုန်းတွေမှာ Virus ကာကွယ်ဖို့ မရှိမဖြစ်လိုအပ်တဲ့ App ထဲမှာ AVG ကလည်း အရေးပါလှပါတယ်။ Virus ကာကွယ်ရုံတင်မက AVG ရဲ့ ထူးခြားချက်က Task Killer, Battery Consumption, Data Usage, Storage Usage အစရှိတဲ့ လုပ်ဆောင်ချက်တွေပါဝင်ပါတယ်။

နောက်ပြီး သူများဖွင့်မရအောင် App တွေကို Lock ချပေးမဲ့ App Locker လည်းပါဝင်ပါတယ်။ Install ထားပြီးတဲ့ App တွေကို SD Card ထဲ Backup လုပ်ပြီး သူငယ်ချင်းကို ပြန်ရှယ်ပေးနိုင်မယ် App Backup လည်း ပါဝင်ပါတယ်။ ဆောဝဲတခုထဲ မှာပဲ Feature တွေစုံလင်စွာ ပါသောကြောင့် လူတိုင်း ဆောင် ထားသင့် ပါတယ်။

     download avg mobing

Playstore မှ ဒေါ်လာနှင့် ၀ယ်ရသော application တွေကို free ဒေါင်းယူနိုင်တဲ့ ဆော့ဝဲလ် လေးပါ။

Playstore မှ ဆော့ဝဲလ် တော်တော်များက ဒေါ်လာ နဲ့ ၀ယ်ယူရပါတယ်။ အဲတာတွေကို Free ဒေါင်းယူ နိုင်တဲ့ Blackmart Market နောက်ဆုံးထွက်လေးကို တင်ပေးလိုက်တာပါ။ 90% ဒေါင်းယူနိုင်ပါတယ်။ ကျနော်သုံးနေတဲ့ ဆော့ဝဲလ် လေးပါ။ အရမ်းကို တန်ဖိုးရှိတဲ့ ဆော့ဝလ် လေး ဆိုလည်း မမှားပါဘူး။ Andriod ဖုန်းသုံးသူတိုင်း လူတိုင်း ဆောင်ထားသင့်ပါတယ်။

Andriod Version 2.2 အထက်တွေမှာ အဆင်ပြေပါတယ်။ တကယ်ကိုပဲ ကောင်းပါတယ်။ စမ်းသုံးကြည့် လိုက်ပါ။ ဒေါ်လာနဲ့ ၀ယ်ရတဲ့ Andriod ဆော့ဝလ်တွေကို free ဒေါင်းချင်တဲ့သူငယ်ချင်းတွေ စိတ်ဝင်စားရင် ဒီအောက်ကလင့်မှာ စိတ်ကြိုက်သာ ဒေါင်းယူနိုင်ပါပြီ။

                link 1;link 2

Friday, 14 February 2014

samsung ဖုန်းမှာမြန်​မာစာစနစ်ထည့်​သွင်းနည်း

Samsung ဖုန်းတချို့ကို Language နေရာမှာ Myanmar(Zawgyi) ဆိုတာလေး ထည့်သွင်းပေးမှာဖြစ်ပါတယ်။ ဒီနည်းကိုအသုံးပြုဖို့အတွက် Root လုပ်ထားဖို့မလိုအပ်ပေမယ့် CWM သွင်းထားဖို့တော့လိုအပ်ပါတယ်။

Features…
1- System တစ်ခုလုံးကို မြန်မာလိုမြင်နိုင်မှာပါ။
2- Website တွေမှာ မြန်မာဖောင့်ကို မြင်နိုင်ပါမယ်။
3- Frozen Keyboard ကို အသုံးပြုထားပါတယ်။

Flash လုပ်နည်း…
Download လုပ်ထားတဲ့ SSOT_LGNPACKnFontKB.zip လေးကို မိမိဖုန်းရဲ့ SD Card ထဲထည့်ထားလိုက်ပါ။

CWM သွင်းပြီးသားဖုန်းဆိုရင်တော့ Recovery Mode ထဲဝင်ပြီး Install Zip > Install Zip from Internal SD Card > SSOT_LGNPACKnFontKB.zip ကိုရွေးပြီး Yes ရွေးကာ Flash လုပ်ပေးလိုက်ပါ။

ပြီးရင် Reboot System Now ရွေးပါ။ Settings ထဲက Language မှာ Myanmar(Zawgyi) ဆိုတာလေး ရောက်နေပါလိမ့်မယ်။

   boxမှdownload၇ယူ၇န်

(root) Mobile ODIN Pro

ဒီ  App ကိုအသုံးပြုပြီး Computer မလိုပဲ ဖုန်းထဲမှာ Firmware တင်နိုင်မှာဖြစ်ပါတယ်။ အခုတင်ပေးလိုက်တဲ့ Mobile Odin Pro ကို အသုံးပြုဖို့အတွက် မိမိဖုန်းဟာ Root Access ရှိဖို့တော့ လိုအပ်ပါတယ်။

Firmware File သို့မဟုတ် CWM File တွေကို SD Card ထဲထည့်ပြီး အလွယ်တကူ Flash နိုင်ပါတယ်။ အခုတင်ပေးလိုက်တာက Play Store မှာ ပိုက်ဆံနဲ့ရောင်းတဲ့ Pro Version လေးဆိုတော့ Ever Root Option ကိုလည်း အသုံးပြုနိုင်မှာပါ။

Ever Root Option ကို သုံးမယ်ဆိုရင် Root ဖာက်ပြီးသား ဖုန်းတစ်လုံးကို Firmware အသစ်တင်လိုက်ရင်တောင် အဲဒီ Firmware အသစ်မှာ Root Access ရရှိနေမှာ ဖြစ်ပါတယ်။ Root ထပ်ဖောက်စရာ မလိုတော့ဘူးပေါ့ဗျာ။

Mobile Odin Pro က .tar နဲ့ .tar.md5 ကလွဲလို့ အခြား File များကို ရွေးခွင့်မပေးတဲ့အတွက် File မှားပြီးတင်ဖို့ ရာခိုင်းနှုန်းအတော် နည်းပါတယ်။ Flash မလုပ်ခင် သင့်ဖုန်း Battery 60% အနည်းဆုံး သွင်းထားပါ။

        download from box

Samsung Galaxy S Advance (GT-I9070) Official 4.1.2 ကို CWM Recovery သွင်းနည်း

CWM Recovery မတင်ခင် လိုအပ်တာတွေကို ကြိုတင်ပြင်ဆင်ထားပါ။ ဖုန်းမှာ Battery 80% ရှိရန် လိုအပ်ပါတယ်။ USB Debugging ကိုလည်း On ထားပေးရပါမယ်။

http://d-h.st/qmB
    CWM(CWM.ZIP.1.51MB)

    CWM 6.0.1.5(update.zip.1.82MB)

Install CWM Recovery:
Download လုပ်ထားတဲ့ Zip file နှစ်ခုကို Internal SD Storage ထဲ ထည့်ပေးထားပါ။

ဖုန်းကို ပါဝါပိတ်လိုက်ပါ။ ပြီးရင် Volume Up, Home နှင့် Power ခလုတ်သုံးခုကို တစ်ပြိုင်တည်း ဖိထားပါ။

Stock Recovery Mode ထဲရောက်ရင် Volume up နှင့် Volume down နှစ်ခုကို အသုံးပြုပြီး apply update from external storage ကို နှိပ်လိုက်ပါ။

CWM.zip ကိုရွေးပြီး Power ခလုတ်ကို နှိပ်ပါ။
Program Run လို့ပြီးရင် Home ကို နှိပ်ပါ။ CWM 5.1.2.8 ကို မြင်ရပါလိမ့်မယ်။

Main menu ထဲက Install zip from sdcard ကိုနှိပ် choose zip from internal sdcard ကို ဆက်နှိပ်ပြီး Update.zip ကို ရွေးပေးလိုက်ပါ။

ပြီးရင် Reboot system now နှိပ်လိုက်ပါ။ Samsung Galaxy S Advance GT-I9070 Official Android 4.1.2 ကို ClockWorkMod 6.0.1.5 သွင်းနည်း ပြီးဆုံးပါပြီ။

Samsung Galaxy Note 2 (GT-N7100 & GT-N71057105) အတွက် CWM Recover

Samsung Galaxy Note 2: Android 4.0.4, 4.1.1, 4.1.2, 4.2.2 နှင့် 4.3 Version အားလုံးမှာ အသုံးပြုနိုင်ပါတယ်။ တင်ပုံတင်နည်းကတော့ ထုံးစံအတိုင်း ODIN ရဲ့ PDA မှာထည့်ပြီး တင်ရမှာပါ။

         free download GT-N7100 CWM
         free download Gt-N7105 CWM

Viber မှ ပိုက်ဆံပေးဝယ်ရသော Sticker များကို Free ရယူနည်း

Viber မှ ပိုက်ဆံပေးဝယ်ရသော sticker များကို Free ရအောင်လုပ်မယ်ဆိုရင် မိမိဖုန်းက Root ဖောက်ထားဖို့ လိုအပ်ပြီး VPN Unlimited နှင့် Freedom ဆိုတဲ့ Application နှစ်ခုပါ ရှိထားရမှာဖြစ်ပါတယ်။

မြန်မာနိုင်ငံကလူများကတော့ VPN Application ကို Install လုပ်ပါ။ နိုင်ငံခြားကလူများကတော့ VPN Application ကို Install လုပ်စရာ မလိုပါဘူး။

မြန်မာနိုင်ငံလူတွေအနေနဲ့ VPN Application ကို Install လုပ်ပြီး ဖွင့်ပါ။ App ရဲ့ အပေါ်ထောင့်နားလေးမှာ starting ဆိုပြီး auto ချိတ်ဆက်နေချိန် ခဏစောင့်ပါ။ ပြီးရင် Notification မှာ Icon လေးပေါ်လာရင် ချိတ်ဆက်မှုပြီးပါပြီ။

Freedom Application ကို Install ဆက်လုပ်ပြီး ဖွင့်ပါ။ Root access တောင်းရင် Grant နှိပ်ပေးပြီး Feedom ထဲက Viber ကို တစ်ချက်နှိပ်လိုက်ပါ။

Viber Application ပွင့်လာရင် ဘာမှမလုပ်ပဲ Freedom ထဲကနေ ပြန်ထွက်လိုက်ပါ။ Notification မှာ Freedom ဆိုတာလေး ပေါ်နေရမှာဖြစ်ပါတယ်။

အားလုံးပြီးပြီဆိုရင် Viber Application ထဲဝင်ပြီး မိမိကြိုက်နှစ်သက်တဲ့ Sticker တွေကို Download လုပ်လို့ရပါပြီ။
ပိုက်ဆံပေးဝယ်ရတဲ့ Sticker တွေကို Downloaded လုပ်မယ်ဆိုရင်ရင် ဥပမာ $2.15 ကိုနှိပ်… Buy ကိုဆက်နှိပ်… Payment succesaful ဆိုပြီးပေါ်လာပါမယ်။ ခဏစောင့်ပြီး OK ပေါ်လာရင် နှိပ်ပေးလိုက်ပါ။ နောက်တစ်ကြိမ်ထပ်ပြီး အခုဏက $2.15 ကို ပြန်နှိပ်လိုက်ရင် Download လုပ်နေတာကို Notification မှာ တွေ့မြင်နေရမှာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ $2.15 ဆိုတာ ဥပမာပေးထားတာ ဖြစ်ပါတယ်။

အားလုံးပြီးရင် VPN နဲ့ Freedom ကိုပိတ်လိုက်ပါ။ ဒါမှ Google Play Store ကို ပြန်ဝင်လို့ရမှာပါ

download vpn freedonn

Sunday, 9 February 2014

Facebook System အားလုံးကို Myanmar Lunguage ပြောင်းနည်း လေးဖြစ်ပါတယ်.

ဒီနေ့ Faebook System အားလုံးကို Myanmar Lunguage ပြောင်းနည်းလေးရေးတင်လိုက်ပါတယ်။ ဒီနည်းကို ရေးတင်ရခြင်း ရည်ရွယ်ချက်မှာ မသိသေးသူတွေအတွက် ပညာတခု တိုးပွားစေချင် တာပါ။ မြန်မာစာနဲ့ ဆိုတော့ Facebook Setting တခုလုံးကို လိုသလို စိတ်ကြိုက် နားလည် စွာ မွှေနှောက် နိုင်မှာ ဖြစ်ပါတယ်။

တခုရှိတာက Facebook Myanmar Lunguage က Zawgyi.one ဖောင့်နဲ့ မကိုက်ညီတာ ပြဿနာ။ Myanmar3.ttf ဖောင့်မှ မြန်မာလိုကောင်းစွာမြင်ရမှာပါ။ ပြီးတော့ Myanmar3.ttf သုံးနေရင်လည်း Zawgyi.one ဖောင့် ကို ကြည့် လို့ မရပြန်ဘူး။ အဲတာပြသနာ သူငယ်ချင်းတို့ရေ။ အဲတာကြောင့် ဒီနည်းလေး အတိုင်း လုပ်ပြီး Facebook Setting ကို မြန်မာစာနဲ့ ၀င်မွှေနှောက်၊ ပြီးရင် Lunguage English ပြန်ပြောင်းပြီး Zawgyi.one နဲ့ပြန်သုံးပေါ့။

အခုကျနော်ရေးတင်ပေးတာလည်း မသိသေးသူတွေ အတွက် ပညာတခု တိုးပွားစေချင်တဲ့ သဘောပါ။ စမ်းကြည့်မှ တတ်မှာပါ။ ဒါကြောင့် စမ်းသပ်ချင်ရင် အောက်မှာ ပုံနှင့်တကွ ကျနော်ရေးပြတဲ့ အတိုင်း လုပ်စမ်းကြည့်လိုက်ပါ။ အရင်ဆုံး Myanmar3.ttf ဖောင့်ကိုဒီလင့်​မှာ​ဒေါင်းလိုက်​ပါ။ပြီး၇င်​ facebook ၇ဲ့ဒီလင့်​ကိုဝင်​လိုက်​ပါ ​အောက်​ပါပုံအတိုင်း မြင်​၇ပါလိမ့်​မယ်​။

ပြီးရင် ပုံမှာပြထားတဲ့အတိုင်း Lunguage ကို Edit ထဲဝင်ပြီး English (UK) နေရာမှာ မြန်မာဘာသာ ကိုပြောင်းပေးပါ။ ပြီးရင်တော့ Save Change ကို ကလစ်လိုက်ပါ။ အောက်ကပုံလို မြင်ရပါမယ်။

t
အဲတာဆိုရင်တော့ မြန်မာစာတော့ ရပါပြီ။ မြန်မာစာ အမှန်မြင်ရဖို့ကတော့ ခုနက ဒေါင်းထားတဲ့ Myanmar3.ttf ကို Install ပါ။ တကယ်လို့ Window XP မှာဆိုရင်တော့ Myanmar3.ttf ကို ကော်ပီပြီး Control Panel ထဲဝင်ပြီး Font ထဲမှာ Paste ချလိုက်ရင်လည်း အဆင်ပြေပါတယ်။ ပြီးရင် မြန်မာလို အားလုံးမြင်ရဖို့ကတော့ မော်ဇီလာမှာ Myanmar3.ttf ကို ပြောင်းပေးရမှာဖြစ်ပါတယ်။ 

 ပြောင်းနည်းတော့ဒီလင့်​မှာဝင်​ကြည့်​လိုက်​ပါ  

ကျကျွန်​​တော်Zawgyi one 

ပြောင်းနည်းပဲ.ေ၇း​ပေးထားတာပါ
Zawgyi one 

နေ၇ာမှာ  myanmar 3 ttf ​ပြောင်းထည့်​လိုက်​​ပေါ့ 

ပြဿနာက Zawgyi.one နဲ့ Myanmar3 ဖောင့်က မတည့်ပြန်ဘူး။ ဒါကြောင့် မြန်မာတွေ zawgyi.one နဲ့ ရေးတဲ့စာကို အမှန်မမြင်ရပြန်ဘူး။ Facebook Setting လောက်ကိုပဲ မိမိစိတ်တိုင်းကျ နားလည်ေ:အာင် ၀င်မွှေ နှောက်ပြီးရင် Lunguage English ပြန်ပြောင်းပေါ့။ဒီလင့်​ထဲ        

ဝင်ပြီး ပြန်ပြောင်း လိုက်လို့ ရပါ တယ်။ မော်ဇီလာ ဖောင့်ကိုလည်း Zawgyi.one ပြန်ပြောင်းပေါ့။

အားလုံးကို Zawgyi.one နဲ့ ကိုက်ညီအောင် ပြောင်းရဖို့ကတော့ မရပါဘူးနော်။ ကျနော်က Facebook Developer မဟုတ်တော့ သူပေးတာကိုပဲ အဆင်ပြေအောင် ညှိ တတ်အောင် နည်းရေးတင်ပေးတဲ့ သဘောပါ။ ဒီလောက်ဆို မသိသေးတဲ့ သူငယ်ချင်းတွေ အားလုံး ရှင်းလင်း သဘောပေါက်လိမ့် မယ်ထင်ပါတယ်။

Saturday, 8 February 2014

ကိုရီးယား စကားပြောနည်း ဘာသာပြန် APK (ကိုရီးယားလို ရေးလို့လည်း ရတယ်)

ကိုရီးယား စကားပြောနည်းဆော့ဝဲလ် ဗားရှင်း - ၁.၀ ဖိုင် အရွယ်အစား - ၄.၂၃မီဂါဘိုက် လိုအပ်သော အန်းဒရိုက် - ၂.၂ နှင့် အထက် မိမိနှစ်​သက်​​သော ကဏ္ဍကို လေ့လာ၍ ကိုရီးယားလိုပြောနိုင်ရန် ကဏ္ဍအလိုက် ခွဲခြားထားပါသည်။

အင်္ဂလိပ်၊ ကိုရီးယား နှစ်မျိုးလုံးကို လေ့လာနိုင်ပါတယ်။ ကိုရီးယားစာလုံးလေးတွေလည်း ပါဝင်သောကြောင့် စမ်းသပ်ရေးသား နိုင်ပါတယ်။

လိုချင်ရင် ဒီမှာ ဝင်ယူလိုက်ပါ။http://www.malaysiaonlineradiomedia.com/2014/02/apk.html