ဒီ App ကိုအသုံးပြုပြီး Computer မလိုပဲ ဖုန်းထဲမှာ Firmware တင်နိုင်မှာဖြစ်ပါတယ်။ အခုတင်ပေးလိုက်တဲ့ Mobile Odin Pro ကို အသုံးပြုဖို့အတွက် မိမိဖုန်းဟာ Root Access ရှိဖို့တော့ လိုအပ်ပါတယ်။
Firmware File သို့မဟုတ် CWM File တွေကို SD Card ထဲထည့်ပြီး အလွယ်တကူ Flash နိုင်ပါတယ်။ အခုတင်ပေးလိုက်တာက Play Store မှာ ပိုက်ဆံနဲ့ရောင်းတဲ့ Pro Version လေးဆိုတော့ Ever Root Option ကိုလည်း အသုံးပြုနိုင်မှာပါ။
Ever Root Option ကို သုံးမယ်ဆိုရင် Root ဖာက်ပြီးသား ဖုန်းတစ်လုံးကို Firmware အသစ်တင်လိုက်ရင်တောင် အဲဒီ Firmware အသစ်မှာ Root Access ရရှိနေမှာ ဖြစ်ပါတယ်။ Root ထပ်ဖောက်စရာ မလိုတော့ဘူးပေါ့ဗျာ။
Mobile Odin Pro က .tar နဲ့ .tar.md5 ကလွဲလို့ အခြား File များကို ရွေးခွင့်မပေးတဲ့အတွက် File မှားပြီးတင်ဖို့ ရာခိုင်းနှုန်းအတော် နည်းပါတယ်။ Flash မလုပ်ခင် သင့်ဖုန်း Battery 60% အနည်းဆုံး သွင်းထားပါ။
download from box

No comments :
Post a Comment